Sunday, February 9, 2014

ငါတို့ရဲ့ အိမ်ပြန်ချိန်

ဒီလိုပဲလေ
ဒီလမ်းတွေက
ပန်းတွေခင်းမထားတာ သိသာပါတယ်
စေ့စေ့တွေးလို့မှ
ရေးရေးပေါ်မလာတဲ့အိပ်မက်တွေအတွက်
သြော် ဘဝဆိုတာက ပြဇာတ်တဲ့
အကြည့်တွေက ဝင်သွားတဲ့နေနောက်ကိုလိုက်
နေ့ခင်းဘက်တွေလည်း မှောင်တယ်
တဖြောက်ဖြောက်မိုး
တစိမ့်စိမ့်စွေ
တကယ်တော့ ရင်ဘတ်ထဲမှာ မိုးသည်းနေတာ
ဖွေးဖွေးနှင်း တဖြုတ်ဖြုတ်ကြွေ
ခံစားချက်တွေ အေးခဲနေတာ
လက်ညှိုးညွှန်ရာ
ရေမဖြစ်တဲ့ဘဝ
ပြက္ခဒိန်ပေါ်မှာ ရေးခြစ်ရုံ
အနောက်ဘက်ကွယ်သွားတဲ့နေနှင့်
ရောက်လာမယ့် မနက်ဖြန်တွေပြီးရင်
ငါတို့ရဲ့အိမ်ပြန်ချိန်ရောက်လာမှာပါ

No comments:

Post a Comment

There was an error in this gadget