Thursday, February 6, 2014

မင်းအတွက် ငါ

မင်းအတွက် ငါ

ငါက ဖိနပ်တစ်ရံ
မင်းနင်းလျှောက်တဲ့အခါ
ဖဝါးကို မနာကျင်စေတဲ့ ဖိနပ်တစ်ရံပါ

ငါက ထီးတစ်ချောင်း
နေပူပူ မိုးရွာရွာ
လုံခြုံစေမယ့် ထီးတစ်ချောင်းပါ

ငါက စာအုပ်တစ်အုပ်
မင်း ခံစားရသမျှ
ဖွင့်ထုတ်ချရေးနိုင်တဲ့ စာအုပ်တစ်ပါ

ငါက မှန်တစ်ချပ်
မင်းပြုံးတိုင်း ငိုတိုင်း
မင်းခံစားအတိုင်းရှိနေတဲ့ မှန်တစ်ချပ်ပါ

ငါက ကဗျာတစ်ပုဒ်
ဆန္ဒရှိတဲ့အခါ ဖတ်ကြည့်
မပြောင်းမလဲ ရှိနေတဲ့ကဗျာ တစ်ပုဒ်ပါ

ငါက နှလုံးသားတစ်ခုပါ
ဖန်တီးခြင်းမပါ
ဖြစ်တည်မှုသက်သက်နဲ့
မင်းအတွက် ငါပါ

No comments:

Post a Comment