Friday, January 31, 2014

ခို

ခို

အတောင်ပံတစ်စုံရှိရက်နဲ့
ကောင်းကင်ပေါ်ပျံတက်ဖို့
သတ္တိမရှိကြဘူး

ခို

အတောင်ပံတစ်စုံရှိရက်နှင့်
ဟိုး...အမြင့်ကို
ပျံဖို့လည်း စိတ်ကူးမရှိကြဘူး

ခို

ဓာတ်ကြိုးပေါ်မှာနား
အိမ်ခေါင်ပေါ်မှာနေ
သူများကျွေးတာကပ်ပြီးစား
အလကား ခိုကောင်တွေ။


ဆရာဦးဘုန်း(ဓာတုဗေဒ) မော်လမြိုင်စာပေဟောပြောပွဲ
မှာ ရွတိပြသွားတဲ့ ကဗျာလေးပါ

ကဗျာအမည်က 'ခို'တဲ့
ကျနော်တို့လူငယ်တွေ ခိုလို မဖြစ်ဖို့အတွက်ပါ

No comments:

Post a Comment

There was an error in this gadget