Friday, January 31, 2014

ဘာတွေကြောင့်များလဲ

ဘာတွေကြောင့်များလဲ

ဘာတွေကြောင့်များလဲ
မွန်းကျပ်မှုတွေများနေသလိုလို
ကမ္ဘာကြီးကိုယ်တိုင်က အသက်ရှူကျပ်နေလို့လား
ဒါမှမဟုတ်
လူတွေက အသက်ရှူကျပ်နေလို့လား
စာမဖတ်မိလို့လား
ဒါမှမဟုတ်
စာအုပ်တွေ ဈေးကြီးနေလို့လား
အာဟာရမပြည့်လို့လား
ဒါမှမဟုတ်
ဓာတုဆေးဝါးတွေ
များနေလို့လား
အစစ်အမှန်တွေရှားလာလို့လား
ဒါမှမဟုတ်
အတုအယောင်မှသာ အားပေးကြလို့လား
ပညာတတ်တွေပေါလာလို့လား
ဒါမှမဟုတ်
ပညာရှိတွေရှားလာလို့လား
မေးခွန်းတွေများလာလို့လား
ဒါမှမဟုတ်
အဖြေတွေရှားလာလို့လား
ဦးဆောင်ချင်သူတွေပေါလာလို့လား
ဒါမှမဟုတ်
ခေါင်းဆောင်တွေရှားလာလို့လား
ဘာကြောင့်လဲ
မွန်းကျပ်နေကြတာတော့အမှန်တကယ်

No comments:

Post a Comment