Sunday, January 19, 2014

'သူမ' မရှိလို့

တိတ်ဆိတ်တဲ့ ဒီည
ခြောက်သွေ့နေတာ
"သူမ" မရှိလို့ဖြစ်မယ်

ရေးလက်စ ကဗျာ
ရှေ့မဆက်နိုင်တာလည်း
"သူမ" မရှိလို့ဖြစ်မယ်

အေးစက်စက်ကော်ဖီ
သောက်သုံးသူမဲ့နေတာလည်း
"သူမ" မရှိလို့ဖြစ်မယ်

လဝန်းပျောက်နေတာလည်း
"သူမ" မရှိလို့ဖြစ်မယ်

ကြယ်တွေ မစုံတာလည်း
"သူမ" မရှိလို့ဖြစ်မယ်

အရာရာ တိတ်ဆိတ်နေတာလည်း
"သူမ" မရှိလို့ဖြစ်မယ်

No comments:

Post a Comment

There was an error in this gadget