Monday, December 23, 2013

ဂုဏ်ယူတယ် မြန်မာ

ဂုဏ်ယူတယ် မြန်မာ

ဒီအခမ်းအနားကို
ကြီးကျယ်စွာ ကျင်းပနိုင်ခဲ့တာ
ငါတို့သိသလို အားလုံးသိတယ်

ပြိုင်ပွဲတိုင်းကို
ရိုးသားကြိုးစားခဲ့တာ
ငါတို့သိသလို အားလုံးသိတယ်

ဖွင့်ပွဲကခမ်းနား
ပိတိပွဲလည်း ကြီးကျယ်
ငါတို့ရင်ထဲမှာ ဂုဏ်ယူနိုင်ခဲ့တာ ငါတို့သိသလို အားလုံးသိတယ်

မျိုးချစ်စိတ်ဓာတ်တွေ တက်ကြွခဲ့တာ
အဲဒါမြန်မာလို့ လက်မထောင်နိုင်ခဲ့တာ
ငါတို့သိသလို အားလုံးသိတယ်

ရာဇဝင်တွေကို လှစ်ဟ
သမိုင်းကို ပြသ
ဒါ'မြန်မာ' ဒါ'မဟာ'လို့
ပြသနိုင်ခဲ့တာ
ငါတို့သိသလို အားလုံးသိတယ်

ဂုဏ်ယူတယ်မြန်မာ
ဂုဏ်ယူပါတယ်



No comments:

Post a Comment