Friday, December 20, 2013

ငါငိုပါရစေ


ငါငိုပါရစေ

ငါငိုပါရစေ
ဒီပွဲမှာ ငါတို့အသဲနှလုံးတွေ ကွဲခဲ့တာကြောင့်

ငါငိုပါရစေ
ဒီပွဲမှာ ငါတို့မျှော်လင့်ချက်တွေ လွဲခဲ့တာကြောင့်

ငါငိုပါရစေ
ဒီပွဲမှာ ငါတို့ ဂုဏ်သိက္ခာတွေ မျောခဲ့တာကြောင့်

ငါငိုပါရစေ
ဒီပွဲမှာ ငါတို့မျက်နှာငယ်ခဲ့တာကြောင့်

ငါငိုပါရစေ
ဒီပွဲမှာ ငါတို့ ဒီထက်ပိုပြီး အားမပေးနိုင်ခဲ့လို့ ရှုံးခဲ့တာဆိုရင်
ငါငိုပါရစေ


No comments:

Post a Comment