Friday, December 20, 2013

အရှုံးကြားက အောင်မြင်မှု


ဒီတစ်ခါ မြန်မာရှုံးတော့ ကျနော်တို့ မငိုမိတော့ဘူး နိုင်တာထက်ကို သာလွန်တဲ့ အရာတစ်ခုကို ကျနော်တို့ တွေ့ရှိခဲ့တယ်

အောင်မြင်မှုဆိုတာ ဆုတံဆိပ်မဟုတ်ဘူး
အောင်မြင်ခြင်းဆိုတာ အရှုံးမပေးခြင်းပဲ

သူတို့က
လဲကျမှာထက် လှဲချမိမှာကို ကြောက်ခဲ့ကြတယ်

သူတို့က
ရှုံးနိမ့်မှာထက် အရှုံးပေးမိမှာကို ကြောက်ခဲ့ကြတယ်

သူတို့က
လက်လွှတ်ရမှာထက် လက်လျှော့မိမှာကို ကြောက်ခဲ့ကြတယ်

လက်မြောက်အရှုံးမပေးခဲ့တာဟာ သူတို့ရဲ့ အောင်မြင်မှုပဲ

No comments:

Post a Comment

There was an error in this gadget