Tuesday, February 5, 2013

သပြေခက်နှင့်အပြုံးနှင့်

ချစ်သူသက်လှယ် လှမျက်ခြယ်နှင့်
ဒီခါတစ်ခေါက် ပြည်ပြန်ရောက်က
ရွှေလက်တွဲမည် ရည်စူးသည်။

စစ်စခန်းမှ လွမ်းလို့တမိ
ဘမိနှစ်ပါး မာ၏လော
ချစ်သူ နေကောင်းပါ၏လော

မြူခိုးပိတ်မှောင် ဒီတောတောင်တွင်
ဆောင်းနှင်းများစို မိုးကယိုနှင့်
မေးချင်းရိုက်၍ ခိုက်ခိုက်တုန်သည်
အော်..စစ်ရေးမို့မအေးနိုင်။

လွမ်းရေးထက်ကို စစ်ရေးပို၏
အလွမ်းများးစွာ ပန်းများစွာကို
စာလွှာတွင်းထည့် လူကြုံလက်နှင့်
သတင်းစကား စာလွှာပါးသည်
ဒီခေါက်စစ်ချီ လွန်မြောက်လျင်ဖြင့်
စစ်စခန်းမှ ပြည်တော်ပြန်မည်
ရင်တွင်းဝမ်းမြောက် ပျော်လှသည်။

တိုက်ပွဲရောက်၍ ယမ်းငွေ့ငွေ့နှင့်
မီးခိုးလူလူ နားများအူသည်
ကျည်ဆံထိပ်ဖူး မရဏစူးက
ရင်ဝတည့်တည့်စိုက်ခဲ့၏
သတိများက မရတချက်
ရတချက်နှင့် မသိဝိုးတ၀ါး
တို့တိုင်းအလံ တို့နိုင်ငံကို
အသက်ငင်လျက် အလေးပြုခိုက်တွင်
စစ်စခန်းမှ ပြည်တော်ပြန်ခါ
ချစ်သူအလာကို မျှော်နေရှာမည့်
ကိုယ့်ချစ်သူကို မြင်ယောင်မိသည်
သပြေခက်းနှင့် အပြုံးနှင့်

ပြည်တော်ပြန်ခါ ပါမလာလျှင်
ငိုရှာမည်လား ချစ်သက်ထားရယ်
တို့ပြည်ရန်စွယ် နှိမ်နှင်းဖယ်ခိုက်
ငါ၏အသက် ပေးဆပ်ခဲ့သည်
ချစ်သူဂုဏ်ယူနိုင်ပါစေ။

No comments:

Post a Comment