Tuesday, February 5, 2013

စစ်မဖြစ်ပါနဲ့


စစ်မဖြစ်ပါနဲ့
------------
ဗုံးသံ အမြောက်သံ
ခြောက်လှန့်ကာ ဖြိုကွဲ
ပြိုကွဲသွားတဲ့ ဘ၀တွေက တစ်စစီပဲလေ

စစ်ဘေးကြောင့် စစ်ပြေးဖြစ်ခဲ့ရသလို
ဘ၀တိုက်ပွဲတောင်မနွှဲရဘဲ
ပျော်ရွှင်ခြင်းတွေလည်း ဝေခဲ့တာကြာပါပြီ

ကမ္ဘာ့ စစ်
နိုင်ငံ စစ်
ဘာသာစစ်
ပြည်တွင်စစ်
တဆစ်ဆစ်နဲ့
နှလုံးသားများ နာကျင်
မျက်ရည်ပင်လယ် သွေးပင်လယ်
လောကထဲရောက် ကလေးငယ်တွေလည်း
အားငယ်နေရရှာပြီ

မောဟတွေများ
ဒေါသတွေပွား
လူကိုလူလို မမြင်နိုင်အောင်
ပုံမှားရိုက်တတ်တဲ့ ဒီစစ်က
လောကကို ကောင်းကျိုး မပေးဘူး။

ဆန္ဒကိုရှေ့တန်းတင်
သေနတ်ကိုမောင်းတင်ပြီး
တွေ့ရာတရစပ်ပစ်ခပ်လို့
သေခဲ့ရတဲ့ အသက်တွေလည်း များလှပြီ

ဒီစစ်ကြောင့်
မိဘမဲ့တဲ့ သားသမီးတွေများခဲ့ပြီ
ဒီစစ်ကြောင့်
သားသမီးမရှိတဲ့ မိဘတွေများခဲ့ပြီ
ဒီစစ်ကြောင့်
ခင်ပွန်းမဲ့တဲ့ ဇနီးတွေများခဲ့ပြီ။
ဒီစစ်ကြောင့်
မိုက်မှောင်နေတဲ့ ဘ၀တွေများခဲ့ပြီ။
ဒီစစ်ကြောင့်
.....................

စစ်သည် မျက်ရည်များကိုခြွေသည်
စစ်သည် ဘ၀များကို ဖျက်သည်
စစ်သည် အသက်များကို သတ်သည်။
စစ်သည် အိပ်မက်များကို ဖြိုသည်
စစ်သည် နှလုံးသားကို ဖြစ်ညှစ်ဆုတ်ဖြဲသည်။

စစ် စစ် စစ်
စစ်မဖြစ်ကြပါနဲ့.......

သူရိန်သော်တာ
11:50 AM 2/6/2013
photo from yahoo search

No comments:

Post a Comment

There was an error in this gadget