Monday, February 4, 2013

သူကြီးကောင်းမှု

သူကြီးကောင်းမှု
-----------------
ပုံပြင်လေးပါ ရွာတစ်ရွာမှာ
သူကြီးတစ်ဦး ရှိခဲ့ဖူး၏

တစ်နေ့သ၌ အကြောင်းစိုက်ကာ
စုဝေးတိုင်ပင် ဆွေးနွေးချင်၍
မောင်းကိုထုကာ လူစုပါ၏
လူသူအများး မောင်းသံကြားသော်
စုရုံးကြသည် သူကြီးအိမ်ရှေ့ကွက်လပ်တွင်

ရွာသူရွာသား လူအများတို့
ယနေ့မောင်းထု အကြောင်းစုက
ရွာထိပ်ချောင်းလေး ရေဖွေးဖွေးကို
ဖြတ်သန်းသွားလာ လွယ်ကူပါရန်
တံတားတစ်စင်း ကူးဖြတ်ခင်းမည်
တံတားတန်ဘိုး စရိတ်ဖိုးကို
ရွာသားအများ ကျခံစေ

သူကြီးစိတ်ကူး အကြံထူးပုံ
ငါကသူကြီး ငါဦးစီး၍
ငွေးကြေးထည့်ရန် မလိုချေ

ရွာသူရွာသား လူအများက
လုပ်အားလည်းထည့် ငွေးလည်းထည့်ကာ
အပိုအလျှံ ထင်းတိုထင်းစ
မှန်သမျှကို တစ်ခုမကျန်
သူကြီးအိမ်ဆီ သယ်လေသည်။

တံတားပြီးမြောက် အချိန်ရောက်၍
အားလုံးဝမ်းသာ ပျော်ကြရှာသည်
တံတားအ၀င် ထိပ်နှစ်ခွင်တွင်
ကောင်းမှုမှတ်တမ်း ထိုစာတမ်းက
´သူကြီးကောင်းမှု အစုစုတည်း
နတ်လူသာဓုခေါ်စေသော်´

သူရိန်သော်တာ
January 15, 201309:16:12

No comments:

Post a Comment

There was an error in this gadget