Tuesday, February 5, 2013

တမန်တော်

ကိုယ်က တမန်တော်ပါချစ်သူ
အချစ်စေစားရာရောက်ရှိလာတဲ့
အချစ်တမန်တော်လေးပါ
ချစ်သူအတွက်
ချစ်ခြင်းလက်ဆောင် ဆက်သပါတယ်
မင်းရင်ထဲမှာ ထားပေးပါ။
ချစ်သူအတွက်
မြတ်နိုးခြင်းလက်ဆောင် ဆက်သပါတယ်။
မင်းရဲ့အိပ်မက်နားမှာထားပေးပါ
ချစ်သူအတွက်
ပျော်ရွှင်ခြင်းလက်ဆောင် ဆက်သပါတယ်
မင်းရဲ့အချိန်နားမှာ ထားပေးပါ
ကိုယ်မြတ်နိုးတဲ့ချစ်ရသူအတွက်
နှလုံးသားလက်ဆောင် ဆက်သပါတယ်
မင်းရဲ့နှလုံးသားနဲ့အတူတူ တွဲယှဉ်လို့
ထားပေးပါ ချစ်သူရယ်။

No comments:

Post a Comment

There was an error in this gadget