Monday, February 4, 2013

ဝေဖန်ကဲ့ရဲ့မှု

 တခြားလူတစ်ယောက်ကို အလွယ်တကူကဲ့ရဲ့ ရှုတ်ချတတ်ခြင်းဟာ လူသဘော လူ့စရိုက်တစ်ခုဆိုရင် မမှားပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ကဲ့ရဲ့
ရှုတ်ချမှု မပြုတတ်ပါဘူးလို့ ကျိန်းသေပေါက်ပြောဖို့ ခက်ခဲနိုင်ပါတယ်။ သို့သော်လည်း ကဲ့ရဲ့အပြစ်တင်ခြင်း၊ အားနည်းချက်ကို လိုက်ရှာ၍ နင်းချေခြင်းဟာ
ကောင်းမွန်တဲ့ စရိုက်တွေမဟုတ်ပါဘူ။ ဒါတွေဟာ လူ့စရိုက်ပဲဆိုပြီး လက်တွဲထားသင့်တဲ့ စရိုက်လက္ခဏာတွေမဟုတ်ဘူး။ လူတိုင်းတော့ မကဲ့ရဲ့တတ်ပေမယ့်
လူအများစုက ကဲ့ရဲ့တတ်ပါတယ်။ ကဲ့ရဲ့တတ်သူဟာ နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ အချိန်တိုင်းမှာ ရှိနိုင်ပါတယ်။  ရှောင်ရှားဖို့ဆိုတာ မလွယ်ကူပါဘူ။
ဒါဖြင့်ရင် ကဲ့ရဲ့မှုတွေကို ဘယ်လိုလုပ်ကြမှာလဲ။ ကိုယ့်ကိုယ်ကဲ့ရဲ့ လာတာကို ဆတ်ဆတ်ထိမခံ ပြန်ပြောမယ်ဆိုရင် တမင်တကာ အပြစ်ရှာပြီး ကဲ့ရဲ့လာသူက
ကိုယ့်ကို ရိုင်းစိုင်းလိုက်တာဆိုပြီး ထပ်မံကဲ့ရဲ့ဦးမှာပါပဲ။ ကဲ့ရဲ့လားခြင်းကို အသာတကြည်လက်ခံနိုင်ဖို့လိုအပ်မယ်ထင်ပါတယ်။ ကိုယ့်ကိုယ်လာကဲ့ရဲ့တဲ့
စကားတွေကို ဘယ်ဘက်နားက၀င်ရင် ညာဘက်နားက ပြန်ထုတ်ပစ်လိုက်သင့်ပါတယ်။ စကားတစ်ခွန်းရှိပါတယ်။ အထင်ကြီးသည်ဖြစ်စေ အထင်သေးသည်
ဖြစ်စေ ဒါဟာ အမှန်တကယ်မဟုတ်ပါဘူးတဲ့ ကိုယ့်ကို အထင်သေးလို့ ရှုတ်ချကဲ့ရဲ့တာဟာလည်း အမှန်မဟုတ်ပါဘူး။ ဒါကိုရေးကြီးခွင်ကျယ်ခံစားမနေသင့်ပါဘူ။
တကယ်လို့ ကိုယ့်အားနည်းချက်ကို ပြောတာဆိုရင်တော့ ကိုယ့်အားနည်းချက်ကို ပြင်ဆင်ဖြည့်ဆည်းသင့်ပါတယ်။ နောက်တစ်ချက်က သူတပါးပါးစပ်မှာ
လမ်းမဆုံးသင့်ပါဘူ။။ ကိုယ့်ကို မလို၍ပြောခြင်းလား နင်းချေလို၍ ပြောခြင်းလား မသိပါဘဲ မျှော်လင့်ချက်တွေကို မလွှတ်ပစ်သင့်ဘူး။ ယုံကြည်ချက်တွေကို
မစွန့်လွှတ်သင့်ပါဘူ။ ကဲ့ရဲ့တိုင်းသာ ဘာမှမလုပ်ရတော့ဘူးဆိုရင် အသက်တောင်ရှုနိုင်ပါ့မလားလို့ စဉ်းစားမိတယ်။ (အသက်ရှုတာ ပြင်းတယ် ပျော့တယ်
ဆိုပြီး ဝေဖန်ကဲ့ရဲ့ နေဦးမယ်ထင်လို့ပါ) မြည်းတစ်ကောင်နဲ့ သားအဖပုံပြင်ဟာလည်း ဒီအကြောင်းကို မီးမောင်း ကောင်းကောင်းထိုးပြထားတာ တွေ့နိုင်ပါတယ်။
ကဲံ့ရဲ့ခြင်းနှင့်အတူ ဝေဖန်ခြင်းတွေလည်း ရှိပါတယ်။ ဝေဖန်မှုတွေနောက် အာရုံစိုက်နေလို့မဖြစ်ပါဘူ။
            တစ်ခါက လက်သမားနှစ်ယောက် ရှိပါသတဲ့။ သူတို့ဟာ သေတ္တာတစ်လုံးစီ လုပ်ဖို့ စိတ်ကူးရှိကြတယ်။
ဒီလိုနဲ့ သူတို့ သေတ္တာတစ်လုံးစီရိုက်ကြတယ်။
             လက်သမားတစ်ဦှးဆီ လူတစ်ယောက်ရောက်လာခဲ့တယ်။ သူက လက်သမားကို ခင်ဗျားဘာလုပ်နေတာလဲလို့မေးပါတယ်။
လက်သမားက သူသေတ္တာ ရိုက်နေတာပါလို့ ပြန်ဖြေတယ်။ ဧည့်သည်က  သေတ္တာထက် စားပွဲက ပိုကောင်းပါတယ် စားပွဲရိုက်ပါလားလို့ ပြောတယ်။
လက်သမားလည်း ဘာမှ ထူးထူးထွေထွေ မစဉ်းစားတော့ပါဘူး။ ဟုတ်တယ် သူစားပွဲရိုက်ရင် ပိုကောင်းမယ်ဆိုပြီး သေတ္တာမရိုက်တော့ပဲ စားပွဲပြောင်းရိုက်ပါတယ်။
             ဧည့်သည်က ဒုတိယလက်သမားဆီကို ရောက်သွားပြန်တယ်။ သူက ဒုတိယလက်သမားကိုလည်း မေးတယ်။
ဒုတိယ လက်သမားက သူ သေတ္တာ ရိုက်နေတာပါလို့ ပြန်ဖြေတယ်။ ဧည့်သည်က ပထမလက်သမားကို ပြောခဲ့သလိုပဲ စားပွဲက ပိုကောင်းတယ်လို့
ပြောပြန်တယ်။ ဒါပေမယ့် ဒုတိယလက်သမားက သူ သေတ္တာကိုပဲ အလိုရှိတယ်လို့ ပြန်ပြောပြီး သေတ္တာကိုပဲ ဆက်ရိုက်နေခဲ့တယ်။
             နောက်တစ်ရက်ရောက်ပြန်တော့ ပထမလက်သမားဆီကို လူတစ်ယောက် ရောက်လာပြန်ပါတယ်။ သူက လက်သမားကို ဘာလုပ်နေတာလဲ
လို့ မေးခဲ့တယ်။ ပထမလက်သမားလည်း သူ စားပွဲလုပ်နေတာပါလို့ ပြောပါတယ်။ ထိုအခါ ဧည့်သည်က စားပွဲထက် ထိုင်ခုံက ပိုကောင်းတယ်။ ခင်ဗျား
သက်တောင့်သက်သာ ထိုင်နိုင်တယ်လို့ ပြောပါတယ်။ ပထမလက်သမားလည်း ဘာမှ မစဉ်းစားတော့ပါဘူး။ ဟုတ်တယ် ထိုင်ခုံက ပိုကောင်းတယ်ဆိုပြီး
ထိုင်ခုံအဖြစ် ပြောင်းရိုက်ပြန်ပါတယ်။
            ထိုဧည့်သည်လည်း ဒုတိယလက်သမားဆီကို ရောက်သွားခဲ့ပါတယ်။ သူက ဒုတိယလက်မားကို ဘာလုပ်နေတာလဲလို့ မေးပါတယ်။
ဒုတိယလက်သမားက သူသေတ္တာရိုက်နေတာပါလို့ ပြန်ဖြေတယ်။ ထိုအခါ ဧည့်သည်က သေတ္တာထက်ထိုင်ခုံရိုက်ခြင်းက ပိုကောင်းကြောင်းပြောပါတယ်။
ဒါပေမယ့် ဒုတိယ လက်သမားက သူသေတ္တာကိုပဲ အလိုရှိပါတယ်လို့ အေးအေးဆေးဆေးပြန်ပြောတယ်။
           ဒီလိုနဲ့ ပထမလက်သမားလည်း တစ်ဦးကပြောလိုက် ပြင်လိုက် ပျဉ်တွေကို ပိုင်ဖြတ်လိုက်နဲ့ ပျဉ်တွေအပိုင်းပိုင်းဖြစ်ပြီး ဘာမှအကောင်အထည်
ပေါ်မလာတော့ပါဘူ။ ထိုပျဉ်တွေလည်း ထင်းအဖြစ် နောက်ပြာဖြစ်ကုန်တော့တယ်။
         ဒုတိယလက်သမားမှာတော့ ဘယ်သူဘာပြောပြော သူအလိုရှိတဲ့ သေတ္တာကိုပဲ ရိုက်ခဲ့လိုက် သေတ္တာပြီးမြောက်အောင် ရိုက်နိုင်ခဲ့တယ်။
ဝေဖန်မှုတွေတော့ ရှိပါတယ်။ ဝေဖန်မှုတိုင်း အသုံးမ၀င်ပါဘုး။ ဝေဖန်ကဲ့ရဲ့မှုတွေကို မိုးရေအဖြစ်ရှုမြင်ပြီး သင့်ကိုယ့်သင် ကြာရွက်အဖြစ်သဘောထား
လိုက်ပါတယ်။ ကြာရွက်ပေါ် မိုးရေဘယ်လောက်ကျကျ မတင်ကျန်သလိုပေါ့။ ဝေဖန်ကဲ့ရဲ့မှျုေတွရှိတယ်။ အများကြီးရှိပါတယ်။ ကိုယ်ဟာ ဝေဖန်ကဲ့ရဲ့
ခံရသူဖြစ်နိုင်သလို ကိုယ်တိုင်ဝေဖန်ကဲ့ရဲ့သူလည်း ဖြစ်နိုင်ပါတယ်။ သူများမျက်ချေးသာ မြင်ပြီး ကိုယ့်မျက်ချေးကိုယ်မမြင် ဆိုသလိုပါပဲ။ သူတပါးကို
ဝေဖန်နေလိုက်တာဟုမြင်ပြီး ကိုယ်တိုင်ပျော်ပျော်ကြီး သူတပါးကို ဝေဖန်နေမိတာကိုတော့ အထူးသိထားရမှာပါဘဲ။

No comments:

Post a Comment