Monday, February 4, 2013

နောက်တစ်လှမ်း လှမ်းလိုက်ပါ


သူငယ်ချင်းရေ
ကြိုးစားလိုက်စမ်းပါ
အခြေအနေတွေက
အရေပါတယ်ဆိုရင်
လမင်းမှာ ကိုယ်ပိုင်အလင်းရောင်မရှိပါဘူး။
ဒါပေမယ့် အခြေအနေကို
သူအပြစ်မဆိုပါဘူး။
နေမင်းဆီကလာတဲ့ တဆင့်ပြန်အလင်းနဲ့
ညရဲ့အလှကို
သူဖန်ဆင်းတယ်။
ကြယ်ကလေးတွေဟာ
ကမ္ဘာမြေနဲ့ ဝေကွာလွန်းပါတယ်။
ဒါပေမယ့် ဝေးကွာမှုအတွက်
သူတို့က ဆင်ခြေမပေးပါဘူး။
မှောင်မိုက်တဲ့ညတွေမှာ
လမ်းပြကြယ်များအဖြစ်
သူတို့ရပ်တည်ပေးတယ်။
ဆုံမှတ်ကို လှမ်းကြည့်ရင်း
အမြင်တွေေ၀၀ါးခဲ့ရင်
ယုံကြည်ခြင်းနဲ့မျှော်ငလင့်ခြင်းတွေက
ကူညီကြမှာပါ။
မြင့်မားမှုဆီကို တက်လှမ်းရင်
မောပန်းနေခဲ့ရင်
ခဏအနားယူလိုက်ပါ။
ပြီးရင် နောက်တစ်ဆင့်အတွက်
နောက်တစ်လှမ်း လှမ်းလိုက်ပါ။

No comments:

Post a Comment

There was an error in this gadget