Tuesday, February 5, 2013

အတ္တသမား

ပြောပါတယ် သူက
အရာရာကို ပိုင်စိုးသူပါတဲ့။
ဒါနဲ့များဘာကြောင့်
ချမ်းအေးနေသူတွေအတွက်
အနွေးဓါတ်
သူ ဘာဖြစ်လို့မပေးခဲ့တာလဲ။
ဆင်းရဲသူတွေအတွက်
ပျော်ရွှင်မှု သူဘာကြောင့်
မဖန်တီးခဲ့တာလဲ။
သူက အမြင့်မှာ ရှိနေပေမယ့်
တခြားလူတွေအတွက်
အရိပ်မဖြစ်ခဲ့ဘူး။
ဘယ်သူတွေ ဘယ်လိုဖြစ်ဖြစ်
ငိုသံတွေ ပွက်လောညံနေလည်း
သူအပြုံးမပျက်ခဲ့ဘူး။
ပြောပါတယ် သူက
အရာရာကို ပိုင်စိုးသူ
`ငါမှငါ´ပါတဲ့လေ
အလိုတူသူတွေရဲ့
ခယမှုမှာ ယစ်မူးပြီး
သူသေသွားတော့ ဘာများကျန်ပါလဲ

ပြောပါတယ် လူတွေက
သူက ´အတ္တသမားတဲ့´
နာမည်ကြားတာနဲ့တင်
ရွံရှာမိပါသတဲ့လေ။

No comments:

Post a Comment

There was an error in this gadget