Monday, February 4, 2013

ခေါင်းဆောင်ကောင်းဆိုတာ



ခေါင်းဆောင်ကောင်းဆိုတာ-
ခေါင်းဆောင်ကောင်းဆိုတာ လူအများရဲ့နှလုံးသားဖြစ်တယ်။
ခေါင်းဆောင်ဆိုတာ လူအများကို ချုပ်ကိုင်ဖို့ မကြိုးစားဘူး။ လူအများရဲ့ နှလုံးသားနဲ့ ထပ်တူကျဖို့ပဲ ကြိုးစားတယ်။
ခေါင်းဆောင်ကောင်းဆိုတာ လူအများရဲ့ ကိုယ်စားဖြစ်တယ်။
ခေါင်းဆောင်ကောင်းဆိုတာ ရိုးသားပွင့်လင်းသူဖြစ်တယ်။
ခေါင်းဆောင်ကောင်းဆိုတာ ခေါင်းဆောင်ဟု အခေါ်ခံရမှုမှာ မသာယာဘူး။
စည်းစိမ်ပေါ်မှာ မယစ်မူးဘူး။ အားနည်းသူကို အနိုင်မယူဘူ။
ခေါင်းဆောင်ကောင်းဆိုတာ အာဏာရဲ့ ကျေးကျွန်မဟုတ်ဘူး။
ခေါင်းဆောင်ကောင်းရဲ့ ခါးမှာ ချိတ်ထားတဲ့ ဓားဟာ လူတွေကို ခြိမ်းခြောက်ဖို့မဟုတ်ဘူ။ လူတွေအတွက် ကာကွယ်ပေးဖို့ဖြစ်တယ်။
ခေါင်းဆောင်ကောင်းရဲ့ မျှော်လင့်ချက်ဟာ လူတွေရဲ့မျှော်လင့်ချက်ဖြစ်တယ်။
ခေါင်းဆောင်ကောင်းဆိုတာ စည်းစိမ်ထက် ယုံကြည်ချက်ကို အလေးထားတယ်။
ခေါင်းဆောင်ကောင်းဆိုတာ အသက်ထက် သမိုင်းကို တန်ဖိုးထားတယ်။
ခေါင်းဆောင်ကောင်းဆိုတာ လူသေပေမယ့် ဥဒါန်းမကြေသူ ဖြစ်တယ်။
ခေါင်းဆောင်ကောင်းဆိုတာ.........

No comments:

Post a Comment