Friday, January 18, 2013

ပြောင်းလဲခြင်း

တစ်ခါကပေါ့။
လှည့်လည်သွားလာရတာ ၀ါသနာပါတဲ့ လူတစ်ယောက်ဟာ နေရာ အနှံ့အပြားကို လှည့်လည် သွားလာနေခဲ့ပါတယ်။ သူဟာ ရောက်ရှိတဲ့နေရာတွေကို လေ့လာ မှတ်သားပြီး
တစ်နေရာပြီးတစ်နေရာ သွားခဲ့တယ်။ တစ်နေ့မှာ သူဟာ ဒေသ တစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီရောက်တော့ သူက ပတ်ဝန်းကျင်ကို လေ့လာရင်း
လက်ရှိ ရာသီဥတု ဘာဖြစ်မလဲဆိုတာကို သိချင်လာတယ်။ အဲဒီအချိန်မှာ သူလိုက်ကြည့်ရင်း ကျောက်တုံးတစ်တုံးပေါ်ထိုင်နေတဲ့ အဘိုးအိုတစ်ယောက်ကို
တွေ့တယ်။ အဲဒါနဲ့ သူက အဘိုးအိုကို နှုတ်ဆက်ရင်းလှမ်းမေးလိုက်တယ်။ `အဘ မင်္ဂလာပါ၊ အဘက ဒီဒေသကလား ´လို့မေးတယ်။ အဘိုးအိုကလည်း
`ဟုတ်ပါတယ်´လို့ပြောတာပေါ့။ နောက်တော့သူက `ဒါနဲ့အဘ ဒီနေ့တစ်နေ့လုံးရဲ့ ရာသီဥတု အခြေအနေ ဘယ်လိုရှိလဲ ခင်ဗျ´လို့မေးပြန်တယ်။ အဘိုးအိုက
`ကောင်းပါတယ် အဘစိတ်ကြိုက်ပါဘဲ´လို့ပြန်ဖြေတယ်။ သူ့စိတ်ထဲမှာ တွေးထင်တာက ´ဒါဆိုရင် ရာသီဥတုကောင်းမယ်ထင်တယ်။ ကြည့်ရတာ အဘ ရေဒီယိုက
မိုးလေ၀သ သတင်းနာထောင်ထားပုံရတယ်´ဟု သူတွေးထင်ခဲ့တယ်။ ဒါနဲ့သူက ဆက်ပြီး´ဒါဆိုရင် အဘ မနက်ဖြန် ရာသီဥတုက ဘယ်လိုလဲ´။ အဘိုးအိုက
`မနက်ဖြန်လည်း အဘစိတ်ကြိုက်ပါဘဲ´ဟုသာပြောပြန်တယ်။ သူက ´ဒီလိုဆိုရင် နေသာမှာပေါ့ဟုတ်လား အဘ´ဆက်ပြီးမေးတယ်။ အဘိုးအိုပြန်ပြောတာက
`အဲဒါတော့ အဘလည်း ဘယ်သိပါ့မလဲ´တဲ့။ ထိုလူ စဉ်းစားရခက်သွားတယ်။ ´ကျွန်တော်နားမလည်တော့ဘူး အဘက ရာသီဥတု အခြေအနေကိုလည်း
မသိပဲ ဘာဖြစ်လို့ အဘစိတ်ကြိုက်ဖြစ်လိမ့်မယ်လို့ ပြောရတာလဲ´ သူမေးလိုက်တယ်။ အဘိုးအိုက သူ့ကိုစိုက်ကြည့်ပြီး `ရာသီဥတု ဆိုတာက ငါတို့ဖန်တီးလို့
ပြောင်းလဲလို့ရတာမှမဟုတ်တာ´လို့ပြန်ပြောတယ်။ အဘိုးအိုက ဆက်ပြောသေးတယ်။ `ရာသီဥတုက မိုးရွာချင်ရွာမယ် နေပူချင်ပူမယ် သူ့သဘောအတိုင်း
ဖြစ်နေတာလေ။ ငါတို့က မိုးရွာလို့ နေပူလို့ဆိုပြီး သွားငြူစူနေလို့ သူကပြောင်းလဲသွားမှာမှမဟုတ်တာ´´အဲဒီလိုပြောင်းလဲလို့မရတဲ့အရာတွေအတွက်
ငါတို့စိက်ကိုပြောင်းလဲရမယ်။ မိုးရွာရွာ နေပူပူ ကိုယ်လုပ်စရာ ရှိတာလုပ်ရမှာပဲလေ။ အဲဒါတွေကို ဂရုစိုက်နေရင် ဒေါသထွက်နေရင် အဓိပ္ပာယ်မဲ့ စိတ်ဆင်းရဲ
ခြင်းကို ရှာတာနဲ့အတူတူပဲ။ ရာသီဥတုသာမကဘူး ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ လုပ်ရမယ်လေ´

ဖတ်မှတ်ဖူးတာနှင့် တွေးမိတာလေးကို တင်ပြခြင်းပါ။
သူရိန်သော်တာ

No comments:

Post a Comment

There was an error in this gadget