Friday, January 18, 2013

အရောက်သွားခြင်း

ပုံပြင်လေးပါပဲ။
တစ်ခါက ရွာတစ်ရွာမှာ အပြေးပြိုင်ပွဲတစ်ခု ကျင်းပဖို့ဖို့ရှိပါတယ်။ ဆယ်နှစ်အောက် ကလေးငယ်လေးတွေကို
ယှဉ်ပြိုင်ပြေးခိုင်းမှာ ဖြစ်တယ်။ ကလေးတစ်ယောက်ကလည်း အဲဒီပြေးပွဲမှာ ၀င်ပြေးမယ်လို့ သူ့ဖခင်ကို ပြောတယ်။
သူက ၀င်အပြေးပြိုင်ဖို့ကို သိပ်ကို တက်ကြွနေခဲ့တယ်။ သူ့အဖေကပြေတယ်။ `သားဝင် အပြေးပြိုင်ချင် ပြိုင်ပါ။အဲဒီလိုပြေးတဲ့အခါမှာ အရင်ဦးဆုံးလုပ်ရမှာက ပန်းတိုင်ကို အရောက်ပြေးမယ်လို့ သားစိတ်ထဲမှာ အရင်ဦးဆုံး ဆုံးဖြတ်ထားရမယ်။´
ကလေးက သူ့ဖခင်ပြောတကို သိပ်နားမလည်သလိုပါပဲ။ ဒါပေမယ့် သူက `ဟုတ်ကဲ့´ လို့ဖြေပြီး ခေါင်းညိတ်ပြလိုက်တယ်။
ဒီလိုနဲ့ ပြိုင်ပွဲစမယ့် နေ့ကို ရောက်လာတာပေါ့။ အပြေးပြိုင်မယ့်နေရာကို ပြိုင်ပွဲဝင်မယ့် ကလေးတွေနဲ့ သူတို့ရဲ့
မိဘတွေ လာကြတယ်။ စောစောက ကလေးလည်း တက်တက်ကြွကြွနဲ့ သူ့ဖခင်ရဲ့လက်ကို ဆွဲပြီးရောက်လာတယ်။
ပြေးပွဲစလို့ ခရာမှုတ်လိုက်တဲ့အချိန်မှာ ကလေးတွေအားလုံး ပြေးကြတာ စောစောက တက်ကြွနေတဲ့ကလေးက
အနည်းငယ်းပြေးပြီး လဲကျသွားတယ်။ သူ့ရဲ့ဖခင်က သူ့သားတော့ ထနိုင်ပါ့မလား စိတ်ပူသွားပေမယ့် ထင်မှတ်မထား
လေက်အောင်ပဲ ကလေးငယ်က လဲရာက ချက်ချင်းထပြီးပြေးလိုက်တာ တတိယနေရာက ပန်းဝင်သွားတယ်။
ဆုချီးမြှင့်ပွဲပြီးတော့ ဖခင်က `သားက တော်လိုက်တာ အဖေက သားကို မထနိုင်တော့ဘူးလို့ထင်နေတာ´လို့ပြောတယ်။
အဲဒီအခါမှာ ကလေးက `သားလဲကျသွားတာ သားရှုံးရမယ်လို့ သတ်မှတ်ချက်မဟုတ်ဘူးလို့ သားစဉ်းစားမိတယ်´
ပြီးတော့ ဖေဖေပြောခဲ့တဲ့ ပန်းတိုင်ကို ရောက်အောင်ပြေးရမယ်ဆိုတာလည်း သားသဘောပေါက်ခဲ့တယ်´ကလေးက
ဆက်ပြောတယ်။ ဒီပွဲမှာ သားရတဲ့ ဆုက ပထမ မဟုတ်ပေမယ့် ပန်းတိုင်ကို ရောက်အောင်ပြေးခဲ့လို့ သားပျော်တယ် ဖေဖေ၊´
´ပန်းတိုင်ကို ဆက်မပြေးခဲ့ဘူးဆိုရင် လဲကျတဲ့နေရာမှာပဲ သား ရပ်ပြီး ငိုနေမိမယ်ထင်တယ်´ ဖခင်က `မှန်တာပေါ့သားရယ်
အဓိကရောက်အောင်သွားရမယ်။ ပြီးရင် ကိုယ်နဲ့ထိုက်တန်တာ ရလိမ်မယ် ´

သူရိန်သော်တာ
jan 11-2013

No comments:

Post a Comment

There was an error in this gadget