Friday, December 14, 2012

အမှားကိုကြောက်စရာမလို

သင် မှားခဲ့တာလား။ ကိစ္စမရှိဘူး။ ကျွန်တော်တို့ အားလုံး အမှားနဲ့ မကင်းကြပါဘူး။ ကျွန်တော်တို့ အားလုံးကြောက်ကြတာက အမှားလုပ်မိမှာကိုပဲ။ ဒါပေမယ့် တစ်ခါတစ်ရံ ရှောင်လွှဲ
လို့မရတာက အမှားပြုမိခြင်းပါ။ ပြုမူချက်တိုင်းမှာ အမှားနဲ့အမှန် နှစ်မျိုးပဲ ရှိတယ်။ မမှားရင် မှန်မယ်။ မမှန်ရင် မှားမယ်။ မထူးဆန်းပါဘူး။ အရေးကြီးတာက အဲဒီအမှားကို သင်ခန်းစာ
အဖြစ် သင့်ရဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားဖို့ပဲ။ နောင်တစ်ချိန်မှာ အဲဒီအမှားက သင့်ကို ကူညီပါလိမ့်မယ်။

သင် ကြောက်နေတာလာ။ လူတွေ အားလုံးနီးပါး ကြောက်တတ်ပါတယ်။ ဒါပေမယ့် ကြောက်နေရင် ရှေ့မရောက်နိုင်ဘူး။ အမှန်တွေကို မမြင်နိုင်ဘူး။ အခြေအနေကို မသုံးသပ်နိုင်ဘူး။
ကြောက်ရွံ့ခြင်းကို ဖက်တွယ်မထားပါနဲ့။ ကြောက်ရွံ့ခြင်းက ကောင်းကျိုးမပေးဘူး။ တကယ်ကြောက်ရမှာက ဖြစ်ချင်တာ မဖြစ်ရမှာ ၊ လုပ်ချင်တာ မလုပ်ရမှာကိုသာ ကြောက်ပါ။

No comments:

Post a Comment