Friday, December 14, 2012

အလှတရား

သစ်ရွက်တွေကို ချစ်တယ်
တောင်တန်းတွေကို ချစ်တယ်
ပင်လယ်ကြီးကို ချစ်တယ်
ငှက်ကလေးတွေကို ချစ်တယ်
ကောင်းကင်ပြာပြာကို ချစ်တယ်
တိမ်တိုက်တွေကို ချစ်တယ်
ကမ္ဘာလောကကြီးကို ချစ်တယ်
သူငယ်ချင်းရေ....
မင်းကို ချစ်တယ်
ငါ့ကိုယ်ငါလည်း ချစ်တယ်
မင်းသိရဲ့လား
အရာရာကို ချစ်မြတ်နိုးတတ်မှုက
လောကကြီးကို လှစေတယ်
အကျိုးကြောင်းသင့်စွာ
လက်ခံနိုင်မှုက
ငါတို့တွေကို ကြည်နူးနှစ်သိမ့်စေတယ်
အလှတရားဆိုတာ
အပြင်မှမရှိဘူး
ငါတို့ရဲ့ နှလုံးသားတွေမှာ ရှိတယ်။

No comments:

Post a Comment