Friday, December 14, 2012

ကောင်းခြင်း မကောင်းဖြင်း

တစ်ခါတစ်လေ ကျွန်တော်တို့ စိတ်ထဲမှာ မတင်မကျဖြစ်နေတာ တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်တဲ့။
အဲဒီးကားဟာ အမှန်တရား ဆိုတာလည်း သိတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ မယုံကြည်နိုင်ဘူး။ လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲ
ဆိုတော့
ကောင်းတာလုပ်ပြီး ကောင်းတာမဖြစ်ဘူးလို့ ထင်နေတယ်။ မကောင်းတာလုပ်ပြီး ကောင်းတာတွေဖြစ်တဲ့ လူတွေ ရှိနေတယ်လို့လည်း
မြင်နေတယ်။ ဒီနေရာမှာတော့ ဆရာ ဦးဘုန်း (ဓာတုဗေဒ) ရဲ့ စကားကိုတင်ပြရရင် -ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ဆရာကပြော
လိုက်တော့ ကျောင်းသူလေး တစ်ယောက်က ထပြီးပြောပါတယ်။ ´ဆရာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်း
တာဖြစ်မယ် ဆိုတာ သေချာလို့လား၊ လောကမှာ မကောင်းတာလုပ်ပြီး ကောင်းတာဖြစ်နေတဲ့ လူတွေ အများကြီးပဲ ´လို့ပြောတယ်။ ဒီတော့
သူစဉ်းစားတယ်။ အသေချာဆုံးကတော့ ကောင်းတာလုပ်ရင် ကောင်းတဲ့လူချက်ချင်းဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့လူ ချက်ချင်းဖြစ်
မယ်လို့ သူတွေးမိခဲ့တယ်။ ဟုတ်ပါတယ်။ လောကမှာ ကောင်းတာလုပ်ပြီး မကောင်းတာဖြစ်နေတဲ့လူတွေ၊ မကောင်းတာလုပ်ပြီး ကောင်းတာဖြစ်
နေတဲ့လူတွေ အများကြီးပဲ ဆိုတာ ကျွန်တော်တို့တွေ့တယ်။ ကျွန်တော်တို့ တွေ့တဲ့ ကောင်းတာဖြစ်ခြင်း မကောင်းတာဖြစ်ခြင်းဟာ တကယ်တော့
အခြေအနေ တစ်ရပ်ပါပဲ။ အဲဒီအခြေအနေတစ်ရပ်က ခဏတာဖြစ်ချင်လည်းဖြစ်မယ်။ အချိန်အတိုင်းအတာ တစ်ခုကြာချင်လည်းကြာမယ်။
ဒီနေရာမှာ အကြံပြုချင်တာက အခြေအနေကောင်းတစ်ခုအတွက် သင့်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားတွေကို လွှင့်မပစ် မိပါစေနဲ့။ ဆုံးရှုံးမှု
က အရမ်းများလိမ့်မယ်။ မကောင်းလုပ်ပြီး ကောင်းတာဖြစ်နေတယ်ဆိုတဲ့ လူတွေဟာ အခြေအနေလေး တစ်ခုကောင်းနေရုံပါပဲ။ အဲဒီအခြေအနေ
က အမြဲတမ်းကောင်းနေမယ်လို့ ဘယ်သူမှ အာမ မခံနိုင်ဘူ။။ သူဟာ လူကောင်းသူကောင်းတစ်ယောက်ပါလို့ သူ့ကိုယ်သူ ကျိန်ဆိုရဲလားဆိုတာ
သူကိုယ်တိုင် အသိဆုံးပဲဖြစ်မှာပါ။ ကောင်းတာလုပ်ပြီး မကောင်းတာဖြစ်နေတယ် ဆိုတာလည်း ဒီအတိုင်းပါပဲ။ အခြေအနေလေး မကောင်းတာက
လွဲရင် အရာရာ ဆိုးဆိုးရွားရွားကြီး မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကောင်းတာလုပ်ပြီး ကောင်းတဲ့လူဖြစ်နေလို့ပါပဲ။ အခြေအနေ
ကောင်းဆိုတာတွေက ဖန်တီးလို့ရပါတယ်။ လူကောင်းသူကောင်းဖြစ်ဖို့တော့ အချိန်အကြားကြီး ယူပြီး တည်ဆောက်ရမယ်။ လူတွေရဲ့ယုံကြည်မှု
ကိုရဖို့လည်း အကြားကြီး စောင့်ရဦးမယ်။ ဒီတော့ ကြံဖန်ပြီး ဂုဏ်ယူမှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ ကောင်းတာတွေလုပ်နေပြီဆိုရင်
လက်မထောင်ပါ၊ သင်ကိုယ်သင် ဂုဏ်ယူလိုက်ပါ။ သင်ဟာ ကောင်းတာတွေလုပ်တဲ့ လူကောင်းတစ်ယောက်ဖြစ်နေလို့ပါ။

No comments:

Post a Comment

There was an error in this gadget