Friday, December 14, 2012

နောက်တစ်လှမ်း

ဆန္ဒတွေက တစ်ပုံတစ်ပင်
ထပ်တူကျဖို့က တစ်မျှော်တစ်ခေါ်
အိပ်မက်တွေကို တူးဆွတော့
အကျိုးအမြတ်က ဒါဏ်ရာတွေ
ဆက်လျှောက်ရန်အားတင်းရင်း
လဲကျတာက အကြိမ်ကြိမ်
ဒါပေမယ့် လူပဲလေ
မျှော်လင့်ချက်က ဘယ်ဆိတ်သုဉ်းမှာလဲ
အရှုံးမပေးသူအရှုံးမရ
စကားကိုနားစိုက်ထောင်
ဇွဲနဲ့မာန်ကို ရင်မှာမွေး
ပန်းတိုင်နဲ့မဝေးဖို့
နောက်တစ်လှမ်း လှမ်းလိုက်ဦးမယ်။

သူရိန်သော်တာ

No comments:

Post a Comment

There was an error in this gadget