Friday, December 14, 2012

အိပ်မက်ပျောက်တဲ့ည

အတွေးတွေရယ်
တစ္ဆေတွေလိုခြောက်လှန့်
အမှားတစ်ချက်က
ဘ၀တစ်သက်အတွက်တဲ့လား
ဒါမှမဟုတ်
တကယ်ချစ်သူလွမ်းစေ
ကျိန်စာကို ငါရရှိခဲ့တာလား
မလွမ်းဘူးလို့ပြောပေမယ့်

နှလုံးသားက၀န်ခံနေတယ်
တကယ်ဆို
မင်းသိသင့်တယ်
ငါ့မှာလည်း
အိပ်မက်ပျောက်တဲ့ညတွေများပြီ။

No comments:

Post a Comment

There was an error in this gadget