Saturday, October 27, 2012

ချစ်တယ်

ချစ်တယ်
အေးမြတဲ့စကား စမ်းရေအလာ
နှလုံးသားထဲ စီးဆင်းသွားတယ်
ချစ်တယ်
ထောင့်ငါးရာကိလေသာနဲ့
ဘောင်ကန့်မထားဘူးဆိုရင်
လူတစ်ယောက်နဲ့တစ်ယောက်
ခင်မင်မှု လေးစားမှု
ချစ်ခင်မှု ကြင်နာမှုတွေနဲ့
ပြောသင့်တယ်
ချစ်တယ်.........

No comments:

Post a Comment

There was an error in this gadget