Saturday, October 27, 2012

ငြိမ်းချမ်းပါရစေ

ကြားနေရသည် သေနတ်သံများ
ဒိန်းဒိန်းဒိုင်းဒိုင်း ပစ်ခတ်ဆူညံ
နားများကိုပိတ် ချောင်မှာဆိတ်လျက်
ငိုချင်သော်လည်း မငိုရဲပါ
စစ်၏မောဟ မျက်ဒေါသက
တို့ဇီဝိန်ကို ခြွေမှာကြောက်၏

***
သွားနေရသည် မရဏမိုင်းကွင်း
စိတ်ကိုတင်းလျက် ထိတ်ထိတ်လန့်လန့်
ခြေတစ်လှမ်းက အသက်ခန္ဓာ
ကြွေနိုင်သော်လည်း အိမ်ကျန်ကလေး
ဝမ်းရေးခက်မို့ လှမ်းရပါမည်
အံများကိုကြိတ် ၀မ်းနည်းစိတ်နှင့်
ပါးပေါ်မျက်ရည် စီးကျနေ၏

***
ကြားချင်ပါသည် လောကထဲရောက်
ချိုအေးကြည်သာ အမေ့သံကို
ကလေးဟုခေါ် ခေါ်လေမလား
စောင့်စားနေစဉ် တဒိန်းဒိန်းနှင့်
မြည်ဟည်းဆူညံ ရွာလုံးညံသည်
လူမမည်ကလေး ကြောက်လွန်းလှ၏

***
တွေ့နေရသည် သွေးသံရဲရဲ
တဂျိန်းဂျိန်းနှင့် ပေါက်ကွဲပြင်းထန်
သေနက်သံများ ကျည်ဆံများနှင့်
အနိဋ္ဌာရုံ မြင်ကွင်းစုံကြား
တဆက်ဆက်တုန် လှပ်လှပ်ခုန်၍
ညှိုးငယ်မျက်နှာ သံစာစာနှင့်
ဖေဖေမေမေ ပျောက်လို့ရှာသည်
တို့တွေဘ၀ ဆိုရွားလှ၏

***
ထိုထိုကလေး လူမမည်လေးများ
အနာဂတ်ကမ္ဘာ အလှဆင်မှာမို့
မနာကျင်စေချင် မငိုစေချင်ပါ
လိုအပ်မေတ္တာ ဂရုဏာနှင့်
စာနာရိုင်းပင်း ကူညီခြင်းဖြင့်
သူတို့ဘ၀ ငြိမ်းချမ်းပါစေ။
***
စစ်၏မြေစာပင်ကလေးများအတွက်
FB; သူရိန်သော်တာ@thureinthawtar

No comments:

Post a Comment