Saturday, August 4, 2012

လမ်း

အမည်နာမ တစ်လုံးတည်းနှင့် ရိုးရှင်းလှသော လမ်း
လိုရာခရီးကို အရောက်သွားနိုင်စေဖို့အတွက် ကျောကိုခင်း၍ နင်းလျှောက်စေသော လမ်း
အဖြည့်ခံဘ၀နှင့် ဖြည့်ဆည်းပေးခဲ့သော်လည်း ကျေးဇူးစကားမကြားရခြင်းအတွက်
မခံစားတတ်သော လမ်း
ဘယ်ကိုမှန်းဆရမှန်းမသိ မဖြစ်ရလေအောင် ဘေးထွက်မသွားအောင်ထိန်ကျောင်း
ပေးသော လမ်း
ပူဆွေးခြင်း ၀မ်းနည်းခြင်း ငိုကြွေးခြင်း အလျဉ်းမရှိသော လမ်း
တခါတရံမှာများ လမ်းနှင့်လူသာ; သဘောတရားခြင်းတူညီမယ်ဆိုရင် ပျော်ရွှင်စရာ
များကောင်းလေမလား။
ကိုယ်ကိုယ်တိုင်သာ လမ်းလိုသဘောထားပြီး ရှင်သန်နေထိုင်မယ်ဆိုရင်
ကျေနပ်စရာများဖြစ်လေမလား။

No comments:

Post a Comment