Thursday, August 9, 2012

အရှုံးမပေးသောလူသား

လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်
အားမပေးချင်နေ ဆူးငြှောင့်ခလုတ်တော့မလုပ်ပါနဲ့
မှောင်မိုက်နေတဲ့ ညအလယ်မှာ
အလင်းရောင်မပေးချင်နေ
မီးလောင်ရာတော့ လေမပင့်ပါနဲ့
မျှော်လင့်ခြင်းတွေ ဘယ်တော့မှမသေတဲ့
လောကကြီးမှာ ယုံကြည်ချက်ကိုရင်မှာပိုက်
အားငယ်မှုတွေကို ရိုက်ချိုးလို့
ခါးသီးမှုတွေဘယ်လောက်များများ
ချိုမြိန်မှုဆိုတာရှိသေးတယ်
မှောင်မိုက်မှုတွေဘယ်လောက်ရှိရှိ
ရောင်နီလာဖို့အလှည့်ရောက်မယ်
အိမ်မက်တောင်ထိပ်ပေါ်ကိုတက်
အောင်မြင်ခြင်းအလံကိုစိုက်ထူပြီး
အသစ်တဖန်မွေးဖွားလာသော
မျှော်လင့်ချက်များကို တယုတယမွေးမြူလို့
လူ့သမိုင်းမှာ ဘယ်တော့မှမညှိုးတဲ့
ဂုဏ်ပုဒ်တစ်ခုအတွက်
လောကဆိုတဲ့မြေပြင်မှာ
လူသားဆိုတဲ့ဝိသေသ ကျောက်တိုင်ကို
အခိုင်အမာစိုက်ထူမယ်။
                   

No comments:

Post a Comment

There was an error in this gadget