Saturday, August 18, 2012

ပန်းစကား

ငါက ပန်းတစ်ပွင့်
ပျားပိတုန်းတွေ ပျံဝဲနေလည်း
ဘာဂရုစိုက်စရာလိုမှာလဲ..
ငါက ပန်းတစ်ပွင့်
ငါပွင့်လန်းဖို့အတွက်
နေမင်းကြီးရဲ့ အနွေးဓါတ်လိုပေမယ့်
အခုတော့ ဒီနေမင်းကြီးက ပူလွန်းတယ်
ဟင်..........
ငါပွင့်ဖတ်တွေညှိုး
ရိုးတံကခြောက်လို့ပါလား
ငါဘာဖြစ်တာလဲ
ပျားပိတုန်းတွေရော
နေမင်းကြီးလည်း ဂရုမစိုက်တော့ပါလား
တကယ်တမ်းကျတော့
ပန်းဘ၀ ခဏတာပါပဲ။

No comments:

Post a Comment

There was an error in this gadget