Thursday, August 2, 2012

သူငယ်ချင်းအတွက်သာ

သူငယ်ချင်း..
တစ်ခါတစ်ရံ အလင်းရောင်လိုအပ်တဲ့အခါ
အလင်းရောင်ကို မင်းရှာနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်တိုင် မီးအိမ်ရှုင် ဖြစ်နိုင်တယ်ဆိုတာ သိပါ။
နွေးထွေးမှုအတွက် နေမင်းထွက်ပေါ်လာတာကို စောင့်နိုင်ပါတယ်။
သို့သော်လည်း မင်းကိုယ်တိုင် နေမင်းလို နွေးထွေမှုပေးနိုင်တယ်ဆိုတာ
ယုံကြည်ပါ။
သူငယ်ချင်း..
အေးချမ်းမှုအတွက် လမင်း ကိုမျှော်လင့်နိုင်ပါတယ်
ကိုယ်တိုင်လမင်း ဖြစ်ခွင့်ရှိတယ်ဆိုတာ မမေ့နဲ့
မင်းအားကျတဲ့ ရာဇ၀င်သူရဲကောင်းတွေလို အရည်အချင်းတွေ
မင်းမှာရှိတယ်လို့ တွေးမိရဲ့လား
အမြဲတမ်းသိထားဖို့က လောကကြီးမှာ မင်းနဲ့ထပ်တူကျတဲ့လူလည်းမရှိဘူး
ပြီးတော့ မင်းဟာ လူသားတွေနဲ့ကွဲပြားမှုမရှိတဲ့ လူသားတစ်ဦးပါ။

No comments:

Post a Comment

There was an error in this gadget