Sunday, July 29, 2012

ထာဝရရှင်သန်ခြင်း

မကြာမီမှာ ဇူလိုင်မိုးဖွဲလေးတွေရွာတော့မည်။လွမ်းဆွေးတမ်းတစရာ နေ့ရက်တစ်ရက် ရောက်လာတော့မည်။
ကျွန်တော်တို့တိုင်းပြည်အတွက် အသက်နှင့်ဘ၀တွေ ပေးအပ်သွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သောအာဇာနည်နေ့ရောက်လာပါတော့မည်။ အာဇာနည်ကြီးတွေကို မှီလို့လားဟု မေးလျှင်တော့ မမှီပါဘူးဟုသာ ပြောရမည်သာ
ဖြစ်သည်။ သို့ပေမယ့် ယနေ့မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဟာ အာဇာနည်ကြီးတို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်ကြောင့်ဟုဆိုလျှင် မည်သူငြင်းနိုင်ပါမည်လဲ။ သူတို့ရဲ့ ကြိုးစားချက် ဆောင်ရွက်ချက်တွေ၏ အသီးအပွင့်တွေကို ကျွန်တော်တို့ ခံစား
နေကြရသည်။ လောကမှာ ဘယ်အရာမှတော့ ထာဝရမရှင်သန်နိုင်ပါ။ လူသားတွေ၏ ရှင်သန်ချိန်သည် ခဏလေးသာဖြစ်သည်။ရှင်သန်နိုင်တာတွေတော့ရှိသည်။ အဲဒါတွေကတော့ လောအတွက် အများအတွက် ပေးဆပ်ခဲ့သူတွေ၏ လုပ်ရပ်နှင့် နာမည်တွေကတော့ ထာဝရရှင်သန်နေမည်သာဖြစ်သည်။ လူသေသော်လည်း နာမည်မသေ၊ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ သောသူများဖြစ်သည်။ ကျွန်တော်တို့ ၏နှလုံးသားထဲမှာ သူတို့ရှင်သန်နေကြသည်။ အများအတွက် လုပ်ဆောင်ခဲ့
ကြသောကြောင့် အများကလည်း သူတို့ကို အမြဲသတိရနေကြသည်။ အာဇာနည်နေ့တွင် မျက်ရည်သွန်းဖြိုးသော ဇူလိုင်မိုးနှင့်အတူ အာဇာနည်ကြီးတွေကို သတိရကြမည်။ လွမ်းဆွ တ်ကြမည်။ ဒါတွင်မက ဇာတိမာန်တွေ အားမာန်တွေလည်းမွေးရမည်။
*ဖေဖ၀ါရီဆယ့်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့ သတိရနေသည်။လေးစားနေသည်။ နှလုံးသာတွင် ထာဝရရှင်သန်နေသည်။ မကြာမီရောက်လာတော့မည့် အာဇာနည်နေ့ကို လေးစားသမှုနှင့် ဂုဏ်ြ့ပုကြိုဆိုသည်

No comments:

Post a Comment

There was an error in this gadget