Sunday, July 29, 2012

စည်းကမ်းရှိရန်လိုသည်

စည်းကမ်းဟူသည် အရှင်းဆုံးပြောရလျှင် လိုက်နာခြင်း မလုပ်သင့်သည်ကို မလုပ်ခြင်း၊ ရှောင်ကြဉ်ခြင်း
ဖြစ်သည်။ စည်းကမ်းရှိပါဟု အလွယ်တကူ ပြောကြသည်။ သို့ပေမယ့် တိတိကျကျ မလိုက်နာကြပေ။ တကယ်တမ်းကျတော့ စည်းကမ်းလိုက်နာခြင်းသည် ဘာမျှ ခက်ခဲသည့် အလုပ်လည်း မဟုတ်။ ဤအရာကို မလုပ်သင့်ဟု သတ်မှတ်၍ မလုပ်ရန်တားမြစ်ထားသည်ဆိုလျှင် မလုပ်ပဲနေလိုက်ရုံသာဖြစ်သည်။ အထွေအထူး လုပ်စရာမရှိပါ။ အလုပ်သင့်သည်ကို မလုပ်ပဲနေခြင်းဖြင့်ပင် စည်းကမ်းရှိခြင်း ဂုဏ်ကိုရနိုင်သည်။ ထိုသို့ ရှောင်ကြဉ်ရုံလေးကိုပင် တချို့က မလုပ်ချင်။ အလွယ်တကူသာ စဉ်းစားသည်။ စည်းကမ်းမရှိ၍ ဘာမှမဖြစ်ဟု စဉ်းစားထားသည်ထင်သည်။ လူတစ်ယော် စည်းကမ်း မရှိပါက ထိုသူနှင့် သက်ဆိုင်သော အသိုင်းအ၀ိုင်းကို အနည်းနှင့် အများထိခိုက်သည်။ လူမျိုး စည်းကမ်း မရှိပါက ထိုလူမျိုး၏ တိုင်းပြည် ဂုဏ်သိက္ခာမရှိနိုင်။ ပွင့်ပွင့်ပလင်းလင်း ပြောရလျှင် ကျွန်တော်တို့နိုင်ငံ၌ စည်းကမ်းပိုင်းနှင့် ပတ်သက်၍ လိုက်နာမှုတွေ လိုအပ်နေသည်။ စည်းကမ်းရှိရမည်။မရှိလို့ မဖြစ်တာက စည်းကမ်းပင်ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံ ဂုဏ်ရှိဖို့ ကျွန်တော်တို့တွေ စည်းကမ်း ရှိကိုရှိရမည်။လူအများရှေ့မှာမို့ မကောင်းတတ်၍ လိုက်နာသော စည်းကမ်း မဟုတ်၊ ကိုယ်တိုင် တစ်ဦးခြင်း အသိစိတ်ဖြင့်လိုက်နာသော စည်းကမ်းဖြစ်ရမည်။ တစ်ဦးတစ်ယောက်တည်း မရနိုင် အားလုံးစုပေါင်း လုပ်ဆောင်ရမည်။အားလုံး စည်းကမ်း ရှိရန်လိုအပ်ကြောင်းတင်ပြလိုက်သည်။

No comments:

Post a Comment