Sunday, July 29, 2012

နိုင်ငံကြီးသား

နိုင်ငံကြီးသားဟူသည်မှာ မည်သို့နည်း။ နိုင်ငံကြီးကြီးမှာ နေသော သူကို နိုင်ငံကြီး
သားဟု သတ်မှတ်သည်လား။ မည်သို့မျှမဟုတ်ပေ။ နိုင်ငံကြီးသားဟူသည်မှာ စာရိတ္တ
ကောင်းသော နိုင်ငံ၊ စည်းကမ်းသေ၀ပ်သော နိုင်ငံမှ နိုင်ငံသားကို သာ နိုင်ငံကြီးသားအဖြစ်
သတ်မှတ်သင့်သည်။
တိုင်းပြည်တစ်ခု၏ ဂုဏ်သိက္ခာသည် ထိုတိုင်းပြည်တွင် နေထိုင်ကြသော တိုင်းသူ
ပြည်သားတို့၏ စာရိတ္တနှင့် စည်းကမ်းပေါ်တွင် မူတည်ပေသည်။ အခရာကျသည်မှာ
စာရိတ္တ ပင်ဖြစ်သည်။ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်း သည်လည်း စာရိတ္တပေါ်တွင်တည်
မှီနေပေသည်။
နိုင်ငံကြီးသား ပီသချင်လျှင် စာရိတ္တကောင်း မရှိလျင် မဖြစ်၊ နိုင်ငံကြီးသား အဖြစ်
သတ်မှတ်ခံချင်လျင် စာရိတ္တကောင်းကို ထားရှိသင့်လှသည်။ ဂုဏ်သိက္ခာရှိသော
နိုင်ငံအဖြစ်တည်ရှိရန်မှာလည်း နိုင်ငံသားတိုင်း၏ ရင်ထဲတွင် ကောင်းမွန်သောစာရိတ္တ
များ မွေးမြူရမည်။
မြန်မာတို့အနေဖြင့် မိမိကိုယ်ကို နိုင်ငံကြီးသားများ အဖြစ် သတ်မှတ်ကြသည်။
သတ်မှတ်ခံချင်ကြသည်။ ထိုအတိုင်းသတ်မှတ်ခံရအောင် အားထုတ်သင့်ပေသည်။
စာရိတ္တနှင့် စည်းကမ်းကောင်းခြင်းမှာ လည်းခက်ခဲသော အလုပ်မဟုတ်ပေ။ အသိစိတ်
ကလေးဖြင့် မိမိဂုဏ်သိက္ခာ၊ လူမျိုး၏ဂုဏ်သိက္ခာ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း
စောင့်ရှောက်ခြင်းဖြစ်သည်။
မိမိဘာသာ နိုင်ငံကြီးသာ အဖြစ်သတ်မှတ်နေရုံနှင့်တော့ မပြည့်စုံနိုင်။ အခြားနိုင်ငံ
များမှ သတ်မှတ်အောင်သော ကြိုးစားရမည်။ ထို့အတွက် မိမိကိုယ်ကို တန်ဖိုးထားမည်။
မိမိကိုယ်ကို တန်ဖိုးထားလျင် အမျိုးဂုဏ်ကို စောင့်ထိန်းမည်ဖြစ်သည်။ အမျိုးဂုဏ်ကို
တန်ဖိုးထား စောင့်ထိန်းကြလျှင် နိုင်ငံ၌ ဂုဏ်သိက္ခာရှိနေမည်ဖြစ်သည်။ ထို့အတွက်ကြောင့်
နိုင်ငံကြီးသား ပီသရန်မှာ မိမိကိုယ်ကိုတန်ဖိုးထားခြင်းနှင့် စာရိတ္တကိုယ်စီကောင်းရမည်။

No comments:

Post a Comment