Sunday, July 29, 2012

လူငယ်နှင့်ဆိုင်ကယ်

ကျွန်တော်တို့ နိုင်ငံတွင် ဆိုင်ကယ်များ တစ်နေ့တစ်ခြားများပြားလာသလို စီးသူများလည်း များလာသည်။ ထိုသို့များလာသည်နှင့်အမျှ ဆိုင်ကယ်ကြောင့်ဖြစ်သော မတော်တဆဖြစ်မှုများကလည်း များပြားလာသည်။ ဆိုင်ကယ်တိုက်ခြင်း ၊မှောက်ခြင်းတို့ကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့နေရသည်။ အချို့တွေက ဆိုင်ကယ်၏ ခံနိုင်ဝန်အားကို မသိ၊ သတ်မှတ်နှုန်းထားထက်ပိုမိုမောင်းနှင်ကြသည်။ ထိုအခါ မလိုလားအပ်သော ဖြစ်ရပ်ဆိုးများနှင့်ကြုံရတော့သည်။ ဆိုင်ကယ်စီးခြင်းသည် အန္တရာယ်
အလွန်များသည်။ လူတချိုက ဂရုမစိုက် ပေါ့ဆစွာမောင်းသည်။ မတော်တဆကြောင့် အသက်ဆုံးရှုံးသည်။ ကျိုးကန်းသည်။ဒုက္ခိတာဖြစ်ကြသည်။ ဆိုးရွားသော အကြောင်းခြင်းရာက ထိုကဲံသို့ဖြစ်သောသူများမှာ အသက် ၁၇နှစ် မှ ၃၀ ကြား လူငယ်များဖြစ်သည်။ ဆိုင်ကယ်ပြိုင်မောင်းခြင်းနှင့် မဆင်မခြင် စီးမှုတွေကြောင့်ဖြစ်သည်။ တက်ကြွသော လူငယ်တွေ ထိုကဲ့သို့
ဖြစ်နေကြလျှင် ရေရှည်ဘယ်လိုမှ မကောင်နိုင်။ ဆိုင်ကယ်စီးခွင့်ရှိသော နယ်မြို့ဆေးရုံများတွင် ဆိုင်ကယ်ကြောင့်ဖြစ်သောလူနားများ အများအပြားရှိသည်။ အထူးသဖြင့် အတာသင်္ကြန်ပွဲတော်၊ နှစ်သစ်ပွဲတော်ကာလများတွင်ပိုဆိုးသည်။ အရက်
သောက်ကြသည်။ သွေးဆူကာ ဆိုင်ကယ်ကို အဆင်ခြင်မဲ့မောင်းသည်။ တိုက်ကြသည် သေကြသည်။ အနည်းဆုံးကျိုးပဲ့သည်။ဆိုင်ကယ်ချင်း ဦးတည်ပြီးတမင် တိုက်သူများပင်ရှိသည်။ ဆိုင်ကယ်စီးချင်းထိုးခြင်းဟူ၍ အမည်တပ်ရမည်လားပင်မသိတော့။
တက်ကြွသော လူငယ်အရွယ်တွင် ထိုကဲ့သို့ဖြစ်နေလျှင်ဘယ်လိုလုပ်မည်နည်။ ဆိုင်ကယ်ဆိုတာ စည်းကမ်းတကျသုံးလျှင်တော်တော် အသုံးဝင်သော ယာဉ်ဖြစ်သည်။ သို့ပေမယ့် အဆင်ခြင်မဲ့မောင်းနှင်လျင်တော့ အနီးကပ်လူသတ်သမားဖြစ်သွား
နိုင်သည်။ မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်သည်ဟူ သော စကားရှိသည်။ ယခုတော့ လူငယ်အများအပြား၏အသက်အန္ထရာယ်စိုးရိမ်နေရသောကြောင့် ဆိုင်ကယ်ကြောင့် လူမျိုးပျောက်နိုင်သည်ဟု ပြောရမလိုဖြစ်နေသည်။ သတိပြုဆင်ဖို့တင်ပြလိုက်သည်။

No comments:

Post a Comment