Sunday, July 29, 2012

ဇူလိုင်မိုးနှင့်အတူ

ဆယ့်ကိုးဇူလိုင်မနေ့နိုင် ဆိုသလိုပါဘဲ အားလုံး၏ ရင်ထဲမှာ လွမ်းဆွေးတမ်းတနေကြသည်ကတော့ အမှန်ပါဘဲ။ သူတို့ကို
မမှီလိုက်ပေမယ့် သူတို့နာမည်တွေကြားလိုက်ရင် အားမာန်တွေပြည့်လာသည်။ ဇာတိသွေးဇာတိမာန်တွေတက်ကြွလာသည်။
သူတို့ပြောခဲ့သောစကားတွေကို ပြန်ကြားရရင် အလိုလို စိတ်တွေတက်ကြွလာတော့သည်။ ဝေလည်းမွှေး ကြွေလည်းမွှေး ဆိုတာ ဒါမျိုးပဲဖြစ်မည်ထင်သည်။ အကြံပတ်စက်သောလူမသမာတို့၏လက်ချက်ကြောင့် စောစီးစွာ ကြွေလွင့်ခဲ့ရသော်လည်း
မမေ့နိုင်တာကတော့ အမှန်ပါဘဲ။ ၁၉၄၇၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ကံကြမ္မာဆိုးဝင်တဲ့နေ့ပါဘဲ။ မြန်မာနိုင်ငံအတွက် ကြီစးမားသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ပြည်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုဆိုလည်း မမှားနိုင်ဟုထင်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ တိုင်းပြည်တိုးတက်ကောင်းစားဖို့အတွက် ဆွေးနွေးနေချိန် လူယုတ်မာ
တစ်စု၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည်။ အားလုံး၏ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ၀မ်းနည်းကြရသည်။ ယူကျုံးမရ
ခံစားကြရသည်။ သူတို့သာ ရှိနေခဲ့မယ်ဆိုရင် ဟူသော အတွေးများက အားလုံး၏ရင်မှာ ရှိနေသည်။ သူတို့ကြောင့်သာ ငါတို့
ကျွန်ဘ၀က လွန်မြောက်ရသည်ဟူသော အတွေးများဖြင့်လည်း အားလုံးတသသ ဖြစ်နေကြသည်။ အချိန်တွေကြာခဲ့ပေမယ့်
သတိရမှုတွေကတော့ အမြဲတမ်းရှိနေမည်ထင်သည်။ နှစ်ပေါင်း ၆၀ပင်ကျော်ခဲ့ပြီ။ အာဇာနည်ကြီးတွေနှင့်ပါတ်သက်သည့် ဖြစ်ရပ်
တွေကတော့ မနေ့တနေ့ကလိုပင်ဖြစ်သည်။ အာဇာနည်နေ့ကိုလည်းရောက်တော့မည်။ အာဇာနည်ကြီးများကို သတိရမှုတွေ
နှင့် အတူအားလုံး၏မျက်ရည်တွေလည်း ဇူလိုင်မိုးနှင့်ရောထွေးနေဦးမည်။

No comments:

Post a Comment